“ကလေးတို့ရွာ လက်ရေးလှ”တွင် အင်္ဂလိပ်အက္ခရာ အကြီး ၊ အသေး (အေ မှ ဇက် အထိ) ၊ မြန်မာအက္ခရာများ ၊ အင်္ဂလိပ်နံပါတ်များ နှင့် မြန်မာလို နံပါတ်များ ၏ ရေးနည်းများပါဝင်ပါသည်။ ရေးနည်းများကို အဆင့်ဆင့် မှန်မှန်ကန်ကန် ရေးဆွဲနည်းများကို ဂိမ်းကစားရင်း သင်ပေးသွားမှာပါ။
ကစားပုံ ကစားနည်း
ရေးဆွဲနည်းတစ်ဆင့်ချင်းစီကို ရုပ်ပုံလေးများကြားတွင် မြှားကလေးများဖြင့် ပြထားပြီး စတင်ရေးဆွဲရမည့်နေရာကိုလည်း လက်ပုံစံလေးဖြင့် ပြသထားပါသည်။
ရေးဆွဲရမည့်ပုံစံကိုလည်း လက်ကလေးက လှုပ်ရှားပြီး ပြသသွားမှာပါ။ ကလေးငယ်များ ရေးဆွဲရင်း စာလုံးလေးများကို မှတ်မိသွားစေရန် စကားလုံးအသံထွက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
အဆင့်ဆင့်ရေးဆွဲနည်းမှန်ကန်ရင်တော့ အစိမ်းရောင်အမှန်ခြစ်ကလေးပြမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ရေးဆွဲနည်းမှားရင်တော့ အနီအရောင်အဝိုင်းလေး ပြမှာဖြစ်ပါတယ်။
ညာဘက်ခြမ်းတွင် ခဲတံအရောင်လေးများကိုလည်း ၆ ရောင်ပေးထားပါတယ်..။ ကြိုက်နှစ်သက်ရာအရောင်ကို ရွေးခြယ်ပြီး ရေးဆွဲနိုင်ပါသည်။
ဥပမာ - အေ ဆိုလျှင် ရေးဆွဲရန် အစမှ လက်ပုံစံလေးမှ ထောက်ပြထားပြီး အသံထွက် အေ ဆိုပြီး ထွက်ပေါ်လာပါလိမ့်မယ်။
လေ့လာမှုဇယား
ကလေးငယ်များ ဘယ်ကဏ္ဍကို ဘယ်လောက်လေ့လာထားလဲ ဆိုတာ မိဘများ ကြည့်ရှုနိုင်ရန် လေ့လာမှုဇယားလည်း ပါဝင်ပါတယ်။
လေ့လာမှုဇယားထဲတွင်
ကလေးငယ်များ အက္ခရာများကို ဘယ်လောက်လေ့လာထားသလဲ ၊ ကြယ်ပွင့်လေးများ
ဘယ်လောက်ရထားသလဲ ၊ စာလုံးအမှားကို ဘယ်လောက်ရေးထားလဲ ၊ အမှန်ကို
ဘယ်လောက်ရေးထားလဲ အစရှိသည်တို့ကို ကြည့်ရှုနိုင်ပါတယ်။
#Download now
#Thank you
#KNSMODAPP
Download Link >>>> https://bit.ly/3lVowkQ
No comments:
Post a Comment