ခေါင်းဆောင်နှင့် အတွေး - မြသန်းတင့် - အိုင်တီရဲသွေး နည်းပညာ

Latest

Wednesday, December 23, 2020

ခေါင်းဆောင်နှင့် အတွေး - မြသန်းတင့်

ခေါင်းဆောင်နှင့် အတွေး - မြသန်းတင့်
သြဒပ်ဟပ်စလီ (ALDOUS HUXLEY) အမည်ရှိ စာရေးဆရာကြီးက "အတွေးအခေါ် မရှိသူ မရှိ"
ဟု ပြောကြားဖူးသည်။ လူတွင် ရုပ်ခန္ဓာကိုယ်ကြီးအပြင် စိတ်လည်း ရှိသည်။ စိတ်၏ အလုပ်တစ်ခုမှာ တွေးခေါ်ခြင်း
ဖြစ်၏။ တွေးခေါ်ခြင်းဟူရာ၌ ကြံစည်စဉ်းစားခြင်း၊ ဆင်ခြင်ဝေဖန်ခြင်း၊ မျှော်ခေါ် တွက်ဆခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊
ခွဲခြမ်းစိတ်ဖြာခြင်း၊ ခြုံငုံခြင်း အစရှိသည့် အလုပ်တို့ ပါဝင်သည်။

လူသည် သက်ဝင်လှုပ်ရှားနေသရွေ့ တွေးခေါ်နေရမည်။ တွေးခေါ်ပြီးမှသာ ယင်းအတွေးအခေါ်၏
ဦးဆောင်မှုအတိုင်း ပြောဆိုလုပ်ကိုင်ရမည်။ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ ယင်းသို့ တွေးခေါ်ရာ၌
သတိရှိရှိတွေးခေါ်ခြင်းကား ဟုတ်ချင်မှ ဟုတ်မည်။ စနစ်ကျချင်မှလည်း ကျမည်။ ခြေခြေမြစ်မြစ် ခံယူထားသည့် အတွေး
အခေါ်မျိုး မဟုတ်သဖြင့် ဟိုခုန်သည်ကူး ဟိုရောက်သည်ရောက် ပြောက်သောက်လည်း ဖြစ်ချင် ဖြစ်မည်။


မည်သို့ဖြစ်စေ တွေးခေါ်မှုနှင့်ကား ကင်း၍မရ။ အတွေးအခေါ်မရှိဘဲ ရှင်သန်လှုပ်ရှား၍ မရနိုင်။
လူသည် အချိန်နှင့်အမျှ ပြဿနာမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ စားဝတ်နေရေးဟူသည် အခြေခံ ပြဿနာမှအစ နိုင်ငံရေး၊
စီးပွားရေး၊ ပညာရေး၊ ဘာသာရေးအဆုံး အရေးကိစ္စများ၏ စိန်ခေါ်မှုများကို တုံ့ပြန်နေရသည်။

 အောက်က Link မှာ ဒေါင်းယူကြပါရန် ......။
#Download now
#Thank you
#KNSMODAPP
ဒေါင်းယူရန် LINK »» http://bit.ly/3piM7wR


 

No comments:

Post a Comment

Followers